ဆင်းရဲသားတွေကို အင်ဂျင်နီယာ လှူတဲ့ Toyota
ထူးခြားတဲ့ အလှူတစ်ခုပါ။ ကမ္ဘာအရပ်ရပ်က မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီတွေတောင် အံ့သြသွားစေခဲ့ပါတယ်။
အင်ဂျင်နီယာအလှူလုပ်ခြင်း ဖြစ်ပါတယ်။ အင်ဂျင်နီယာတွေကို ပေးလိုက် တာ
မဟုတ်ပါဘူး။ NGO နဲ့ ပရဟိတ လုပ်ငန်းတွေမှာ လုပ်အားအတွက် လိုအပ်ချက် နေရာကို
၎င်းတို့ အင်ဂျင်နီယာ အား အစားထိုး လှူဒါန်းပေးခြင်း ဖြစ်ပါတယ်။ အပြီးတော့
မဟုတ်ပါဘူး။ တိုယိုတာ အနေနဲ့ ကမ္ဘာအရပ်ရပ်က ကားစက်ရုံတွေမှာ ရှိတဲ့ တိုယိုတာ
လုပ်သား (အထူးသဖြင့် အင်ဂျင်နီယာ) များကို အလှည့်ကျ အနေနဲ့ ပရဟိတ
လုပ်ငန်းတွေမှာ ပါဝင်စေမှာ ဖြစ်ပါတယ်။
ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး တို့မှာ အသုံးချဖို့အတွက် ပညာတတ်
အင်ဂျင်နီယာများကို အောက်ခြေသိမ်း အလုပ်က အစ လုပ်စေမှာ ဖြစ် ပါတယ်။
လုပ်အားလှူဒါန်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ လုပ်အား လှူဒါန်း ခြင်း ကို
တိုယိုတာ တို့ဟာ လစဉ် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment