ဟင်္သာတ၊ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရွာသစ်
ရပ်ကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်သား တစ်ဦး
ယူနီဖောင်းဝတ်ဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း
နေထိုင်သူများထံမှ သိရှိရသည်။
သေဆုံးသူ ရဲတပ်သား တေဇာလင်းသည် ၎င်း၏
နေအိမ် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းတွင် ဝါယာကြိုး ဟောင်း အသုံးပြု၍
ထိုင်လျက် သေဆုံးနေခြင်း ဖြစ်ကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းမှ
ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
ရဲဝန်ထမ်း လုပ်သက် လေးနှစ်ခန့်
ရှိပြီး အရက် ပုံမှန် သောက်တတ်ကာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အရက်
ဖြတ်ထားပြီး ယင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ
ရဲတပ်သား သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပြီး
သေမှုသေခင်း အမှတ်စဉ် ၆ /၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ကြံခင်း ရဲတပ်ဖွဲ့
စခန်းထံမှ သိရသည်။
No comments:
Post a Comment