ကမ္ဘာလှည့် ခရီးသည် များသည်
ပြင်သစ်နိုင်ငံ ပါရီမြို့၊ အမေရိကန် နိုင်ငံ နယူးယောက် မြို့နှင့်
အင်္ဂလန်နိုင်ငံ လန်ဒန် မြို့များသို့ စုဝေးရောက်ရှိ လာကြသည်မှာ အဆန်း
မဟုတ်ပေ။ ခရီးသွား ဧည့် သည်
များ၏ ရွေးချယ်သောနေရာ (Travellers'
Choice Destinations) နှစ်ပတ်လည် ဆုချီးမြှင့်ပွဲ၌ Trip Advisor ခရီးသွား
အကြံပေး ပုဂ္ဂိုလ်က နောက်ဆုံး ဆန်ခါတင် ထုတ်နုတ် ပြလိုက်သော လည် ပတ်စရာ
နေရာများ ဖြစ်သည်။ အဆိုပါဆုများ သန်းချီရှိနေသည့် ကမ္ဘာ တစ်ဝန်းလုံးမှ
ခရီးသည်များကို အခြေခံလျက် သွားရောက် လည်ပတ်ခဲ့သည့် လူကြိုက် အများဆုံးသော
နေရာများကို ရွေးနုတ် ထားခြင်းဖြစ်သည်။ Trip Advisor ၏ အဆိုအရ ကမ္ဘာပေါ်ရှိ
ထိပ်တန်း (၁ဝ) နေရာကို ပြခန်းအတွင်း ပြသ ထားသဖြင့် ကြည့်ရှု စေလိုသည်ဟု
အကြံပေးထားသည်။ Trip Advisor.com တွင် လည် ပတ်စရာ နေရာ (၂၅) နေရာအပြည့်
ဖော်ပြ ပေးထားကြောင်းနှင့် Trip Advisor အသုံးပြုသူများ အနေဖြင့် ကမ္ဘာ
တစ်ဝန်းလုံး၌ လည်ပတ်စရာ ထိပ်တန်း (၁ဝ) နေရာ ရှိသည့်အနက် (၇) နေရာသည်
ဥရောပတိုက်တွင် ရှိနေပေသည်။ အမေရိကန်မှ လည်ပတ်စရာ နေရာများသည်
ထိပ်ဆုံးဆုများ ရရှိခဲ့သည်။ နယူးယောက်နှင့် ဆန်ဖရန် စစ္စကိုတို့သည် ထိပ်ဆုံး
စာရင်းဝင်ပြီး ၎င်းတို့၏ နောက်မှ ချီကာဂို၊ လာ့စ်ဗေဂါ့စ်၊ အော်လန်ဒို၊
ဝါရှင်တန်၊ ဘော့စ်တွန်၊ လော့စ်အိန်ဂျလိစ်၊ ဟိုနိုလူလူနှင့် နယူးအိုလင်းစ်
တို့သည် ထိပ်ဆုံး စာရင်းဝင်များ ဖြစ်ကြပေသည်။ ။
No comments:
Post a Comment