
Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင်
Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာတွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့MPT ကဖွင့်ပေးမထားလို့ပါပဲ ၊ ဟိုးအရင်ကတော့
မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊
အခုကတော့(ဘယ်တုန်းစရလဲသေချာမသိပါ)
ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊
Call Waiting========
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းအ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြော
နေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကိုလက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့
ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့တော်တော်ကိုအသုံးဝင်တဲ့ Service တစ်ခုပဲဖြစ်ပါတယ်။ အိမ်ကမိန်းမဆက်
တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော်
Call Forwarding
==========
Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်
လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ်ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding
Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ
ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ Information Technology ကိုတာဝန်ယူထားတဲ့ MPTကတော့ ဒီ Service တွေရနေတယ်ဆိုတာကို သတင်းထားပြန်ထားတာ
ဘယ်နေရာမှာမှ မတွေရပါဘူး … (MPT ဆိုတာဘယ်လိုပြောမလဲ .. ပြောချင်သလိုသာပြောတော့ပေါ့နော်

ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာ
လျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး လျောက်ထားလိုရင်တော့ ရွှေဂုန်တိုင်ရုံးမှာလျောက်ထားနိုင်ပြီး လျောက်လွှာကြေးဘယ်လောက်
မစရမလဲဆိုတာတော့ ရတနာပုံတယ်လီပိုစ် ကိုယ်တိုင်လဲမသိရှာပါဘူး …
လစဉ်ကြေးတွေအနေနဲ့ကတော့ >>
Call Waiting Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို ၅၀၀ ကျပ်
ဖြစ်ပြီး Call Forwarding Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို 10 FEC လစဉ် Bill ထဲကနေဖြတ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသတင်းနဲ့နည်းပညာဌာနက မထုတ်ပြန်တဲ့သတင်းတွေကိုAndroid News မှတဆင့် အားအားယားယားရှာဖွေ ဖော်ထုတ်ပေးလိုက်
ပါတယ်ဗျာ ..
No comments:
Post a Comment