Wednesday, August 7, 2013

ချစ်သူ အဆိပ်သောက်သေဆုံးပြီးနောက် လူငယ်တစ်ဦး ကြိုးဆွဲချသတ်သေ


မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အပိုင် ( ၆ ) တွင် သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က အသက် ၂၁ နှစ်အရွယ် ကိုဇေယျာထွန်းသည် ၄င်း၏ချစ်သူ ဆိုသူ အဆိပ်သောက် သေဆုံးသွားပြီးနောက် အမြင့် ၁၀ ပေခန့်ရှိ နေအိမ် ထုတ်တန်းတွင် လျှပ်စစ်မီးပူသုံး ဝါယာကြိုးဖြင့် လည်ပင်းကို ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်မြို့မ ရဲစခန်းထံမှ သိရှိ ရသည်။

ကိုဇေယျာထွန်း၏ ချစ်သူဆိုသူသည် လွန်ခဲ့သည့် ၁၃ ရက်ခန့်က ၄င်းနေထိုင်သည့် တိုက်ကြီးမြို့နယ် နေအိမ်၌ပင် အဆိပ်သောက် သေဆုံးခဲ့ပြီး ကိုဇေယျာထွန်းက သေချင်သည်ဟု မိဘများကို မကြာခဏ ထုတ်ဖော်ပြောလေ့ ရှိသည်ဟု စုံစမ်းသိရှိရပြီး အခင်းဖြစ်ရပ်ကို သေမှုသေခင်း အမှတ်စဉ် ၂၅/၁၃ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

"သူကြိုက်တဲ့သူ (မိန်းမစိတ်ပေါက်သူ) က ပြီးခဲ့တဲ့ တစ်ပတ်က အဆိပ် သောက်သေသွားတာကြောင့် သူလည်း စိတ်မကောင်းဖြစ်ပြီး ကြိုးဆွဲချသေတာ ဖြစ်နိုင်တယ်" ဟု ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို သက်ဆိုင်ရာ ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်၍ စစ်ဆေးလျက် ရှိကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

ယင်းနေ့မတိုင်မီက ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခြား ကြိုးဆွဲချ သေဆုံး မှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းသည် ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွန့် ရပ်ကွက်၊ အင်းကြင်းလမ်းရှိ နေအိမ်တွင် သြဂုတ်လ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ ခန့် က အသက် ၄၅ နှစ်အရွယ် ဦးမြင့်နိုင်က နေအိမ်နံဘေး ထုတ်တန်းတွင် ပုဆိုးဖြင့် လည်ပင်းကိုစွပ်ကာ ဒူးကွေးလျက် သေဆုံး ခဲ့သည့် အမှုဖြစ်ကြောင်း ကြည့်မြင်တိုင် စက်ဆန်းနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အာရှနိုင်ငံအချို့တွင် DUMEX နို့မှုန့်များ ပြန်သိမ်း




 
နယူးဇီလန်အခြေစိုက် ဖွန်တာရာ(Fontera)ကုမ္ပဏီက သူတို့ထုတ်လုပ်တဲ့ နို့ပရိုတိန်းထဲမှာ ကလေးတွေကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတမျိုး ပါဝင်နေတယ်လို့ တရားဝင် ထုတ်ပြန် လိုက်ပါတယ်။

ဖွန်တာရာ ကုမ္ပဏီထုတ် နို့ပရိုတိန်းကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ နို့မှုန်တံဆိပ်တွေကို တရုတ်နိုင်ငံမှာ တားမြစ်လိုက်ပြီး ဩဂုတ် ၄ ရက်နေ့မှာတော့ ဆိုင်တွေပေါ်ကနေ ပြန်သိမ်းခဲ့ပါတယ်။ ပြန်သိမ်းတဲ့ နို့မှုန့်တံဆိပ်တွေထဲမှာ ကာရီကဲယား (Karicare) တံဆိပ်နဲ့ ဒူးမက်စ် (Dumex) တံဆိပ်တွေ ပါဝင်ပါတယ်။

ဩဂုတ် ၅ ရက်နေ့မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ဒူးမက်စ်တံဆိပ် နို့မှုန့်ထုပ်တွေကို ဆိုင်တွေပေါ်က ပြန်လည် သိမ်းဆည်းခဲ့တယ်လို့ အေဂျင်စီသတင်းတွေက ဆိုပါတယ်။ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ ဒူးမက်စ်တံဆိပ် နို့မှုန့်အားလုံးကို သိမ်းတာမဟုတ်ဘဲ တချို့နံပါတ်တွေကိုသာ သိမ်းဆည်းတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒူးမက်စ်နို့မှုန့်ကိုယ်စားလှယ်ကတော့ သူတို့ဖြန့်ချိရောင်းချတဲ့ နို့မှုန့်ထဲမှာ ဖွန်တာရာကုမ္ပဏီက ၀န်ခံထားတဲ့ ဘက်တီးရီးယားပိုးပါတဲ့ နို့ပရိုတိန်း မပါဝင်ကြောင်း စာ ထုတ်ပြန်ထားပါတယ်။ အခု တွေ့ရှိတဲ့ ဘက်တီးရီးယားပိုး ပါဝင်တဲ့နို့မှုန့်ကို စားသုံးရင် စားသုံးမိတဲ့ ကလေးဟာ သွက်ချာပါဒဝေဒနာကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

စင်ကာပူတွင် ပြန်သိမ်းသည့် ဒျူးမက်က်စ် နို့မှုန့် နံပါတ်များ

(၁) FGMG2RG0900TNSG29 06043R1(၂) FGMG2RG1600TNSG29 06053R1

မလေးရှားမှာ ပြန်သိမ်းတဲ့ ဒျူးမက်က်စ်နို့မှုန့်  နံပါတ်များ

Dumex Dupro Step 2 with batch numbers 04263B2, 04273B2, 05033B2, 05093B2, 05153B2, 05223B2, 05233B2, 05143T1, 05153B1, 04263B1, 04273B1, 04273B2, 05033B1, 05033B2, 05093B1, 05093B2, 05153B1, 05153B2, 05223B1, 05223B2 and 05233B1;

Mamex Cherish Step 1 with batch numbers 06103T1, 06213B1, 06213B2, 06053R1, 06123R1, 06093T1 and 06213B1;

Mamex Explore Step 2 with batch numbers 06093T1, 06123R1, 06213B1 and 06213B2; Bebelac Step 2 with batch numbers 05023R1 and 05033R1;

မြန်မာ့ ပညာရေး - သူငယ်တန်း (Kinder Garden)


နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးစနစ် အကျိုးရှိ၊ မရှိကို အများအားဖြင့် မျဉ်းကွေးစနစ်နဲ့တိုင်းတာ တာကို တွေ့ရပါတယ်။ ကျောင်းသားအယောက် (၁၀၀) အပေါ်မှာ အုပ်စု သုံးစုခွဲပြီး ကြည့်ပါတယ်။ ကျောင်းသား အယောက် (၁၀၀)မှာ အလွန်တော်တဲ့ ကျောင်းသား တနည်းအားဖြင့် ဘာသာအားလုံးပေါင်းရဲ့ ပျမ်းမျှအမှတ်ဟာ (၈၀)မှတ် အထက်မှာရတဲ့ ကျောင်းသားတွေကို (A) အုပ်စုလို့ သတ်မှတ်ပါတယ်။ ပျမ်းမျှအမှတ် (၅၀) မှ (၈၀) အကြားရတဲ့ ကျောင်းသားတွေကို (B) အုပ်စုလို့ သတ်မှတ်ပါတယ်။ ပျမ်းမျှအမှတ် (၅၀) အောက်ရတဲ့ ကျောင်းသား တွေကို (C) အုပ်စုလို့သတ်မှတ်ပါတယ်။


     
ကျောင်းသား (၁၀၀) ကို အုပ်စု A,B,C ခွဲလိုက်တဲ့အခါမှာ (A) အုပ်စု (၁၀)ယောက် ၊(B) အုပ်စု (၆၅) ယောက်၊ (C)အုပ်စု (၂၅)ယောက် ဆိုရင်မျဉ်းကွေးစနစ်မှာ ပုံ(၁) ဖြစ်ပါတယ်။ ဒီရလဒ် အပေါ်မှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်ကို အောင်မြင်တဲ့ ပညာရေးစနစ်လို့ ယူဆနိုင်ပါတယ်။ ကျောင်းသားအယောက် (၁၀၀) မှာ အုပ်စု (A) အလွန်တော်တဲ့ ကျောင်းသား ၁၀% ရှိပေမဲ့ ဒီရာခိုင်နှုန်းဟာ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ အားထားလောက်တဲ့ ရာခိုင်နှုန်း မဟုတ်ပါဘူး။ နိုင်ငံအတွက် အားထားရမည့် အုပ်စုက အုပ်စု (B) ဖြစ်ပါတယ်။ အလယ်အလတ် ဥာဏ်ရည်ရှိတဲ့ အုပ်စု (B) မှာ ကျောင်းသားအရေအတွက်များလေလေ နိုင်ငံ အတွက် အကျိုးရှိ လေလေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၃ ခုနှစ် (၁၀)တန်း အောင်ချက် ရာခိုင်နှုန်းကို မျဉ်းကွေးစနစ်နဲ့ တိုင်းထွာ လိုက်တဲ့အခါ မှာ အောင်ချက် ပထမ ရတဲ့ မွန်ပြည်နယ် တောင်မှ ၄၉% ဘဲ အောင်ပါတယ်။ အဲဒီ အထဲမှာ ဂုဏ်ထူးထွက်တဲ့ အရေအတွက်ဟာ ၁၀% မကျော်ပါဘူး။ ပုံ(၂) ဒါဆိုရင် နိုင်ငံအတွက် အားထားနိုင်မဲ့အုပ်စု (B) ရဲ့ ရာခိုင်နှုန်း နည်း နေပြီးတော့ အုပ်စု (C) မှာရာခိုင်နှုန်းသွားပြီးများနေတာကို တွေ့ရမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်နိမ့်နေတယ်လို့ ပညာရှင်တွေက ဝေဖန်ကြတာပါ။ ပညာရှင်တွေမှာ ပညာရေးစနစ်ရဲ့ အောင်မြင်မှုကို တိုင်း တာတဲ့ နည်းစနစ်တွေရှိပါတယ်။ လေဖန်းဒန်းစီးပြောတာ မဟုတ်ပါဘူး။

ပညာရေးစနစ်ကို ပြင်မယ်ဆိုရင် အောက်ခြေကစပြီး ပြင်ရမယ်လို့ပြောကြပါတယ်။ ဟုတ်ပါပြီ ဘယ်လို ပြင်ကြမှာလဲ။ ၂၀၁၄ ခုနှစ်မှာ သူငယ်တန်း (K.G) တစ်တန်းတိုးမယ်လို့ ပြောကြပါတယ်။ သူငယ်တန်းကို တစ်တန်းတိုးလိုက်တာနဲ့ ပညာရေးစနစ်ကောင်းလာမှာလား။ ဘယ်လိုရည်ရွယ်ချက်နဲ့ (K.G) ဆိုတဲ့ သူငယ်တန်း ကို တစ်တန်းတိုးရတာလဲ။ ဟိုအရင် အင်္ဂလိပ်ခေတ်က ကိုယ်ပိုင်ကျောင်းတွေမှာ (K.G) (A) နှင့် (K.G) (B) ဆို ပြီး သူငယ်တန်းမှာ (၂)နှစ် နေရတာကို ပြန်စဉ်းစားပြီး သူငယ်တန်းကို တစ်တန်းထပ်တိုးလိုက်တာဆိုရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။

အမှန်တော့ သူငယ်တန်းဆိုတာ စာသင်တာကို ဦးစားပေးတဲ့ အတန်း မဟုတ်ပါဘူး။ သူငယ်တန်း (Kinder Garden) ရဲ့ရည်ရွယ်ချက်ကိုက ကလေးသူငယ်များအတွက် ဥယျာဉ်လို့ အဓိပ္ပါယ် ရပါတယ်။ သူငယ် တန်း မှာ ကျောင်းစနေတဲ့ ကလေးတွေကို ကျောင်းမှာပျော်လာအောင် အများနဲ့ အတူ နေထိုင်တတ်အောင် စည်းကမ်း ဆိုတာ ကြောက်စရာကောင်းတဲ့ သတ်မှတ်ချက် မဟုတ်ဘဲ လူတစ်ဦးချင်း လိုက်နာသင်တဲ့၊ လူပီသစေတဲ့၊ အကျင့်စရိုက်တွေဆိုတာ ကလေးတိုင်း တဖြေးဖြေး သဘောပေါက်ပြီး လိုက်နာကျင့်သုံး လာအောင် လေ့ကျင့်ပေးတဲ့ အတန်းပါ။ ပါးစပ်နဲ့ ပြောနေရုံ သက်သက် တုတ်တစ်ချောင်းကိုင်ပြီး လေ့ကျင့်ပေးရုံ သက်သက် မဟုတ်ဘဲ ဆရာ၊ ဆရာမတွေက စိတ်ရှည်ရှည်နဲ့ ပြုစုပျိုးထောင်ပေးရမှာပါ။ သူငယ်တန်းက ဆရာ၊ ဆရာမတွေဟာ တုတ်မကိုင်ရပါဘူး။ ကလေးကို ကြောက်စိတ်မဖြစ်စေရပါဘူး။ ထမင်းစားချိန်မှာ သေသေ သပ်သပ် စားသောက်တက်လာအောင် လေ့ကျင့်ပေးရပါတယ်။ နေလည်နေ့ခင်း အိပ်ချိန်မှာ စနစ်တကျ အိပ် တတ်အောင်၊ ကစားချိန်မှာ အများနဲ့ အတူပျော်ပျော်ရွှင်ရွှင် ကစားတတ်အောင် လေ့ကျင့်ပေးရပါတယ်။ ကဗျာ တွေ၊ သီချင်းတွေကိုသင်ပေးတဲ့ အခါမှာလဲ လူကြီးတွေကို သင်သလို စည်းစနစ်တကျ အတိအကျမဟုတ်ဘဲ ကလေး ပျော်ရုံသက်သက်၊ ဆိုနိုင်ရုံ၊ ရွတ်နိုင်ရုံ သင်ပေးရပါတယ်။ အရေးကြီးတာက ဒီအရွယ်ကလေးတွေရဲ့ အသိဥာဏ်နဲ့ ဦးနှောက်ထဲမှာ ဘာမှလေးလေးပင်ပင် ကြီးကြီးမားမားတွေကို မထည့်သွင်းရပါဘူး။ လွတ်လပ် ပျော်ရွှင်စွာနဲ့ ကလေးတိုင်းကို ကြီးပြင်းစေရပါတယ်။ သူငယ်တန်းရဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေကို ယဉ်ကျေးဖို့နဲ့ အများနဲ့အတူနေတတ်တဲ့ အလေ့အကျင့်လေး ရရုံ သက်သက် လေ့ကျင့်ပေးရင်းနဲ့ လူပီသတဲ့ အခြေခံ လူ့စိတ်ထားလေး ထားတတ်အောင် ပျိုးထောင်ပေးရပါတယ်။ သူငယ်တန်း ဒုတိယနှစ် ရောက်တဲ့အခါမှ စာနည်းနည်းစသင်ပါတယ်။ ဒါပေမဲ့ စာမေးပွဲ မရှိရပါဘူး။ (K.G) (A)  နှင့် (K.G) (B)  ဟာနှစ်ကုန်ရင် အတန်း တက်ပေးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။

စာမေးပွဲဆိုတဲ့ ဖြစ်စဉ်မှာ ယှဉ်ပြိုင်ချင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုတဲ့ အချက်တွေပါလာပါတယ်။ သိပ်ငယ်သေးတဲ့ ကလေးတွေကို အဲဒီလိုအခြေအနေနဲ့ ပေးမတွေ့ရပါဘူး။ ကလေးဆိုတာ လွတ်လပ် ပျော်ရွှင်စွာ ကြီးပြင်းစေရပါတယ်။ ငယ်ငယ်ကလေးတည်းက ကလေး အချင်းချင်း ယှဉ်ပြိုင်ခိုင်းလိုက်ရင် နိုင်တဲ့ကလေးမှာ ဂုဏ်ယူမှုမာနဆိုတာဖြစ်သွားပြီး ရှုံးနိမ့်တဲ့ ကလေးမှာတော့ ကြောက်စိတ် အားငယ်စိတ်တွေ ၀င်သွားနိုင်ပါတယ်။ ဒီစိတ်တွေဟာ တသက်လုံး အရိုးစွဲသွားနိုင်ပါတယ်။

ကလေးတွေကိုပြုစု ပျိုးထောင်ရာမှာ စိတ်နှလုံးလှပြီး စည်းစနစ်ကျဖို့ လေ့ကျင့်ပေးရသလို တပြိုင်နက်ထဲ မှာဘဲ ကလေးတွေရဲ့ စိတ်ထဲမှာဒဏ်ရာမရအောင် အနိုင်ယူလိုစိတ်၊ နိုင်ထက်စီးနင်းစိတ်၊ မနာလိုစိတ်၊ မုန်းတီးစိတ်၊ ကြောက်စိတ်၊ အားငယ်စိတ် စတာတွေမဖြစ်ရလေအောင် အလွန်သတိထားဖို့လိုအပ်ပါတယ်။ တချို့ စိတ်သဘောထားတွေဟာ တခုနဲ့ တခု နီးစပ်ပေမဲ့ မတူကြဘူး။ ဥပမာ ယဉ်ကျေးမှုနဲ့ ရိုသေမှုမှာ ယဉ်ကျေး မှုက ကိုယ်နှုတ်အပြုအမှု သိမ်မွေ့မှုကိုဆိုလိုပြီး ရိုသေမှုမှာကြတော့ လေးစားမှု၊ အားနာမှု၊ ဦးစားပေးမှု တွေပါလာ ပါတယ်။ အလားတူဘဲ ယှဉ်ပြိုင်လိုမှုနဲ့ အနိုင်ရလိုမှုမှာ ယှဉ်ပြိုင်မှုမှာ ရိုးသားမှုက အဓိကဖြစ်ပြီး အနိုင်ရလိုမှုမှာကျ တော့ တရားတဲ့နည်းလမ်းတွေသာမက မတရားတဲ့နည်းလမ်းတွေပါသုံးလာတတ်ပါတယ်။

ဒီလောက် အသေးစိတ်ဖြစ်တဲ့ စိတ်နေစိတ်ထားတွေကို ဘာမှမသိသေးတဲ့ ကလေးတွေကို လေ့ကျင့်ပေး ဖို့ဆိုတာ အလွန်ပညာသားပါတဲ့ အလုပ်ဖြစ်ပါတယ်။ ကလေးတွေကို စကားလုံးတွေနဲ့ ရှင်းပြလို့လဲမရပါဘူး။ သိမှာ မဟုတ်လို့ပါ။ အတင်းအဓမ္မ္မ္မ္မ လုပ်ခိုင်းလို့လည်းမဖြစ်ပါဘူး။ ဆရာ၊ ဆရာမတွေက အခါအခွင့်ကြုံတဲ့အချိန် မှာ တဖြေးဖြေးချင်း လုပ်ဆောင်ပြပြီး လေ့ကျင့်ပျိုးထောင်ပေးရပါတယ်။ ဒါကြောင့် သူငယ်တန်းကို အချိန် ၂ နှစ် ယူထားရတာပါ။ ဆရာ၊ ဆရာမကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့ဖို့ လိုအပ်ပါတယ်။ ဆရာတွေဟာ ကလေးတစ်ဦး ချင်းစီးရဲ့ သဘာဝ၊ စိတ်သဘောထားကို သိအောင်ကြိုးစားပြီး တစ်ဦးချင်းကို ကူညီနိုင်ရပါမယ်။ ဒီအတန်းတွေကို သင်ကြားဖို့ ဘွဲ့ရပြီးခါစ အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို ခန့်လို့မရပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် သူငယ်တန်းနဲ့ မူလတန်းပြ ဆရာ၊ ဆရာမတွေကို အတွေ့အကြုံရင်ကျက်ပြီးတဲ့ ဆရာ၊ ဆရာမတွေကို အထူးရွှေး ချယ် ခန့်အပ်ထားကြပါတယ်။ ပညာရေးစနစ် တစ်ခု အစပြုပျိုးထောင်တဲ့ အတန်းဖြစ်သလို လူတစ်ယောက်ကို လူပီသအောင် လေ့ကျင့်သင်ကြားပေးတဲ့ အတန်းဖြစ်တာမို့ အလွန်အရေးကြီးပါတယ်။

Saturday, August 3, 2013

ဝမ်းထဲအစာမရှိသေးလျှင် မသုံးဆောင်သင့်သည့် အစားအသောက်များ


 Orange
 soy milk
 persimmon
 Hawthorn
 banana
 Tomato
tea
 Cold drinks 
 sweet potato
 ကြက်သွန်
 yogurt
 milk
 water

Black dates
ဝမ်းထဲအစာမရှိသေးလျှင် မသုံးဆောင်သင့်သည့် အစားအသောက်များ

အသက် ၂၂ နှစ်အရွယ် အမြွာပူး ညီအမ၏ ဘဝ

 











Abby & Brittany Hensel လို့ခေါ်တဲ့ အမွှာ..အမေရိက ကပါ

ပိန်ဖို့ကြိုးစားရင်း ထာဝရပိန်သွားရသူ



ရုရှားနိုင်ငံ မော်စကိုမြို့ က အသက် ၃၉ နှစ်အရွယ် Valeria Levitina အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ယခုတော့ မိုနာကို နိုင်ငံမှာ နေထိုင်ပါတယ်။

တကယ် တစ်ဦးတည်းပါ။ ဘယ်ရော၊ ညာရော သူမ တစ်ယောက် တည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်က အရမ်းပိန်ချင်ခဲ့ပါတယ်။ ဖက်ရှင်ရှိုး လျှောက်တဲ့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် ဘဝကတည်းက ပိန်ဖို့အတွက် အစာလျော့စာတာမျိုး၊ ပိန်ဆေး စားတာမျိုးတို့ ပြုလုပ်ခဲ့ပါတယ်။

ယင်းကဲ့သို့ လုပ်ရင်း၊ လုပ်ရင်းနဲ့ပဲ Anorexia လို့ခေါ်တဲ့ ရောဂါတစ်မျိုး ရသွားပါတယ်။ အစားစားချင်စိတ်လုံးဝ မရှိပါဘူး။ ဗိုက်ဆာလို့ စားရင်တောင် ယင်းအစာက အဟာရမဖြစ်သလောက်ကို နည်းပါတယ်။ ဒီတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လုံးဝကို ပိန်ချုံးသွားပါတယ်။ ဒီအတွက် ဆရာဝန်များက ကြိုးစားလို့ အဖြေရှာပေးနေပါတယ်။

ပိန်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားနည်း အတော်နည်းပါတယ်။ ပိန်ချင်လို့ အစားလျော့စားရင်း ထာဝရပိန်သွားရတဲ့ သူမရဲ့  ဓာတ်ပုံ အစုံအလင်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား



လန်ဒန်အခြေဆိုက် McDowell+Benedetti အမည်ရ ဗိသုကာအဖွဲ့မှ ကြိုးစား ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ပထမဆုံး တစ်ဖက်သို့ လွဲယိမ်းနိုင်သော တံတား အဖြစ် လူသိ များစေခဲ့ ပါတယ်။ အင်္ဂလန်ကျွန်း မြောက်ပိုင်း Yorkshire မှာ ရှိတဲ့ တံတား ဖြစ်ပါတယ်။ စတီး၊အလူမီနီယံတို့နဲ့ တည်ဆောက်ထားတဲ့ ယင်း တံတားကို အဖွင့်အပိတ် အလွယ်တကူ လုပ်နိုင်ပြီး သင်္ဘောငယ်တို့ ဖြတ် သန်း ဖို့အတွက် တစ်ဖက်ကို စုစည်းပေးပါတယ်။

ပြီးတော့ တစ်ဖက်ကမ်းကို ပြန်ဆက်ပြီး ပုံမှန်တံတား အတိုင်း ပြန်ဖြစ် စေပါတယ။် တံတားပေါ်မှာလည်း အပန်းဖြေ အနားယူဖို့အတွက် ဝရံတာဝန်း သဖွယ် ပြုလုပ်ထားပေးပြီး ကမ္ဘာ့ အလှဆုံး မြစ်ကူး တံတား အဖြစ်လည်း မှတ်ယူကြ ပါတယ်။ Swing လို့ပဲ အည်ပေးထားတဲ့ ယင်း မြစ်ကူး တံတားကို ကမ္ဘာ့ ပထမဆုံး လွဲယိမ်းနိုင်သော တံတားအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။
.

မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ (မြန်မာ့လူငယ်များ ဖတ်ရန်)




ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်ဆို မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။  ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့   အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။  ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ရန်ကုန်ကို ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။  ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။  အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့  အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင်  ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့  အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ ဈေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့ လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့  အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Wesbiste Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖတ်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်မခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖို့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ  လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့ က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင်ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖို့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။ 
မှတ်ချက်။           ။ကိုးကားချက်ပါ။

Friday, August 2, 2013

တနေ့  ငါးမိနစ်ခန့်  အသက်ပြင်းပြင်း ရှူခြင်းသည် ဈေးအသက်သာဆုံး ကိုယ်အလေးချိန် လျှော့နည်းဖြစ်

မြန်မာ လူကုန်ကူး ခေါင်းဆောင်ကို ထိုင်းမှာ ဖမ်းမိ

ထိုင်းနိုင်ငံ အတွင်းမှာ လှုပ်ရှား နေတဲ့ လူကုန်ကူး ဂိုဏ်ခေါင်းဆောင် ကိုမျိုးကို ဘန်ကောက် မြန်မာ သံရုံး အလုပ်သမား ညွှန်ကြား ရေးမှူးနဲ့ ထိုင်း ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးခဲ့ ပါတယ်။

အသက် ၄၂ နှစ် အရွယ် ပဲခူးတိုင်း ဇာတိ ဖြစ်တဲ့ လူကုန်ကူး ခေါင်းဆောင် ကိုမျိုးဟာ မြန်မာ လုပ်သား ၆၀၀ ကျော်ကို ကော့သောင် ကနေ တဆင့် ထိုင်းနိုင်ငံကို ခေါ်လာပြီး လှေပေါ်မှာ ရောင်းစား ခဲ့တယ်လို့ ဘန်ကောက်က မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါတင်မက မြန်မာ အမျိုးသမီး တွေကို အဓမ0x081မ ပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘေးဝန်းကျင်က မြန်မာ တွေရဲ့ ပြန်ပြောပြချက်အရ သူ သတ်ဖြတ်ခဲ့သူ လူပေါင်း ၄၀ကျော် ရှိတယ်လို့ လည်း ဦးနိုင်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကတည်းက တိုင်ကြား ထားသူ၊ ရောင်းစား ခံရသူ၊ နှိပ်စက် ခံရသူ တွေရဲ့ အချက်လက် စုဆောင်းထားပြီး ထိုင်အာဏာပိုင် တွေကို တင်ပြ ထားခဲ့ပြီးတဲ့နောက် သဲလွန်စ ရခဲ့ပြီး ကိုမျိုးရဲ့ တပည့် တစ်ယောက်ကို ကိုဖမ်းဆီး နိုင်ရာက ကိုမျိုးကိုပါ ဆက်လက် ဖမ်းဆီး နိုင်ခဲ့တာလို့ သူက ဆက် ပြောပါတယ်။

ရာဘာတော ထဲမှာ ပုန်းအောင်း နေတယ်လို့ သတင်းရတဲ့ အတွက် လူကုန်ကူးသူ ကိုမျိုးကို ထိုင်းနယ်မြေခံရဲနဲ့ ထောက်လှမ်းရေး အပါ အဝင် လုံခြုံရေး အဖွဲ့တွေ စုပေါင်းပြီး ကြာသပတေးနေ့က စူလပ် မြို့မှာ ဖမ်းဆီးခဲ့ ပါတယ်။

သူကိုယ်တိုင်ကလည်း လက်နက် ကိုင်ဆောင်ထားတာ ဖြစ်တဲ့ အတွက် လုံခြုံရေးတွေ ဘက်က လက်ဦးမှု ရယူပြီး ပစ်ခတ် ဖမ်းခဲ့တယ်လို့ မြန်မာ သံရုံး အလုပ်သမား ညွန်ကြားရေးမှူက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ရတဲ့ ဒဏ်ရာကြောင့် ကိုမျိုးကို ဆေးရုံတင်ထား ပါတယ်။

ဖမ်းမိသူ ကိုမျိုးကို မြန်မာ နိုင်ငံဘက် ပြန်မအပ် သေးဘဲ ထိုင်းနိုင်ငံမှာ စစ်ဆေး မေးမြန်းပြီး သက်သေ ထွက်ဆိုချက်တွေ ရယူမယ်လို့ ဆိုရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ငါးဖမ်း လှေတွေပေါ်မှာ ရေလုပ်သား တွေကို ရောင်းစားခဲ့

အချစ် ပုစ္ဆာကြီး (၅)ခု

ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံး အဖြေကို ခန့်မှန်းကြည့်ပေးပါ။
၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။

၂။ မြင်မြင်ချင်းအချစ်မှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပို ဖြစ်လေ့ရှိလဲ။

၃။ ယောက်ျားနဲ့မိန်းမမှာ အချစ်ဟာ ထာဝရတည်တံ့နေ တယ်လို့ ဘယ်သူက ပိုပြီး ယုံကြည် လေ့ရှိလဲ။

၎။ ပြီးပြည့်စုံတဲ့ အချစ်ရှိ တယ်လို့ ဘယ်သူက ပိုယုံကြည် လေ့ရှိလဲ။

၅။ အချစ်မပါဘဲ လက်ထပ် ချင်တဲ့သူက ဘယ်သူတွေလဲ။

ဒီမေးခွန်းကို ပရော်ဖက်ဆာ တစ်ယောက်က သူ့ကျောင်းသား တွေကို မေးကြည့်တယ်။ ကျောင်း သားတွေ အထင်နဲ့ ရမ်းကြိတ်တဲ့ အဖြေကတော့ အများစုဟာ ]မိန်းမ} ဖြစ်နိုင်တယ်တဲ့။ တကယ့် တကယ် တမ်းအဖြေမှန်ကတော့ ]ယောက်ျား} တွေပဲ ဖြစ်ပါတယ်။

ဒီရလဒ် အဖြေကြောင့် ပရော် ဖက်ဆာရဲ့ ကျောင်းသားတွေ အံ့ အားသင့်သွားကြသလို စာဖတ် သူလည်း အံ့အားသင့်သွား နိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စနိုးဝှိုက်ပုံပြင်တွေဟာ အမျိုးသမီး တွေအတွက်သာဖြစ်ခဲ့ပြီးယောက်ျား တွေအတွက်ကတော့ အချစ်ထက် ကာမကို ပိုဦးစားပေးလိမ့်မယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

အမှန်တော့ ယောက်ျားတွေ ကို ချည်နှောင်ထားတဲ့အချက် သုံးချက် ရှိပါတယ်။ ]ရုပ်ရည်ရူပါ}၊ ]အလုပ်အကိုင်၊ အသက်မွေးဝမ်း ကျောင်း}၊ ]ကိုယ်ခန္ဓာတောင့် တင်း ကြံ့ခိုင်မှု}တို့ပဲ ဖြစ်ပါတယ်။
မြင်မြင်ချင်းအချစ်မှာ ဘာ ဖြစ်လို့ ယောက်ျားတွေက ပို များနေရတာလဲ။
အကြောင်းရင်းကတော့ ယောက်ျားတွေဟာ ရုပ်ရည်ရူပါ အနေအထားအပေါ်မှာ ကြီးမား ကျယ်ပြန့်တဲ့ စိတ်ခံစားမှုတွေကို ထားလေ့ ရှိကြပါတယ်။ ရုပ်ရည် ကို ကြည့်ပြီးတော့ ]ဒီကောင်မလေး ကတော့ ငါ့အတွက်ပဲ}၊ ]သူကတော့ ငါ့နံရိုးရှင်}ပဲ ဆိုပြီး လျင်လျင်မြန်မြန် ပိုချစ်လေ့ ရှိကြပါတယ်။

ဒီလို ရုပ်ရည်အပေါ် အသေး စိတ်ကြည့်တဲ့အလေ့အထဟာ မိန်းမ တွေမှာလည်း ရှိနိုင်၊ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေမှာ ပိုသွားတဲ့ အချက်တွေကတော့ သူတို့မှာ နောင်တစ်ချိန် မိသားစုဘ၀ တည် ထောင်မယ်ဆိုတဲ့ စိတ်ကူး၊ ရည်ရွယ် ချက်တွေပါ ထည့်သွင်း စဉ်းစားတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ တို့တွဲတဲ့ ယောက်ျားတစ်ယောက် ဟာ မိသားစုဘ၀ကို ကောင်းမွန်စွာ တည်ဆောက်နိုင်တဲ့ သူတစ် ယောက်လား၊ သူ့အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းက ဘာ လုပ်လဲ၊ ကိုယ်နဲ့ အိမ်ထောင်ကျရင် စားဝတ်နေရေး အဆင်ပြေပါ့ မလား ဆိုတာ မိန်းမတွေ ကြည့်တဲ့ တခြား အကြည့်များပဲ ဖြစ်ပါတယ်။ ဒါ ကြောင့် မြင်မြင်ချင်း အချစ်ဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုပြီး အချစ်နာရောဂါ ကျရတာပါ။

ဒီလိုမျိုး နောင်ရေးအတွက် ကြည့်တတ်တဲ့ အကြည့်၊ အကျင့် ဟာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီးတွေမှာတောင် ဖြစ် လေ့ရှိပါတယ်။ အိမ်ထောင်ကျရင် သူတို့လုပ်တဲ့ အလုပ်အပေါ် အပြန် အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကျိုးပြုနိုင်ရဲ့လားဆိုတာ စဉ်းစား လေ့ရှိကြပါတယ်။ ဒီအတွက် ယောက်ျားတစ်ယောက်ရဲ့ အလုပ် အကိုင်၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလုပ်ငန်းတို့ဟာ မိန်းမတွေ အတွက် ထည့်သွင်းစဉ်းစားစရာ အ ချက်တွေပဲ ဖြစ်ပါတယ်။ ယောက်ျား တစ်ယောက်ကို ယူတဲ့အခါမှာ မိန်းမ တစ်ယောက်ဟာ အဲဒီ့ယောက်ျားရဲ့ အဆင့်အတန်း၊ ဂုဏ်ကိုပါ မသိမသာ ကြည့်ပြီးမှ ]အင်း}ဆိုပြီး ခေါင်းညိတ်လေ့ရှိကြတယ်။ ဒါဟာ ]ယောက်ျားရှိမှ တင့်တယ်တယ်}ဆိုတဲ့ စကားလိုပါပဲ။ ဒါဟာ မိန်းမတွေ အတွက် အပြစ်တစ်ခု၊ အားနည်း ချက်၊ စကားနာထိုးစရာတစ်ခုတော့ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားတွေဟာ မိန်းမ တွေထက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကြပြီး အနိုင်ကျင့် လာမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ယောက်ျားတစ် ယောက်ရဲ့ စိတ်သဘောထားနဲ့ တခြားတည်ငြိမ်တဲ့ အနေအထားတို့ ကို လေ့လာတွက်ချက် ကြရခြင်းပဲ ဖြစ်ပါတယ်။

ကျား၊ မ သဘောသဘာဝမှာ ယောက်ျားတွေဟာ ညစ်ညမ်း အခွေကို ပိုကြိုက်ပြီး မိန်းမတွေ ကျတော့ အချစ်ဝတ္တုကောင်းတွေကို ပိုသဘောကျကျတယ်။ ဒါပေမဲ့ မိန်းမတွေဟာ ယောက်ျားတစ် ယောက်ကို အချစ်ထက် တခြား အကြောင်းရင်းတွေကို ဦးစားပေးပြီး လက်ထပ်ချင်ကြပါတယ်။ လက်ထပ် နိုင်တဲ့ ငွေရေးကြေးရေး အင်အား တောင့်တင်းနေမယ်ဆိုရင် ဒါဟာ မိန်းမတွေအတွက် အချစ်ကို နောက် ပစ်ပြီး ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ စဉ်းစားလေ့ရှိကြပါတယ်။ အချစ်စစ်တစ်ခုတည်းနဲ့တင် ဘ၀ တစ်ခုကို မတည်ဆောက်နိုင်ဘူးလို့ ယုံကြည်ထားလေ့ ရှိကြပါတယ်။

ဒါနဲ့ သတင်းကောင်းတစ်ခုက တော့ အခုခေတ်မှာ အမျိုးသမီးတွေ ဟာ အမှီအခိုကင်းပြီး မိမိဘာသာ ရပ်တည်လာနိုင်ကြပြီဖြစ်တဲ့ အတွက် အချစ်ကိုပဲ ကြည့်ပြီး လက် ထပ်တဲ့ မိန်းမတွေ အများအပြား ရှိနေတယ်လို့ ပုရိသထုကြီးအတွက် သတင်းကောင်းပါးရင်း . . .။

ရဲတပ်သား တစ်ဦး ဆွဲကြိုးချ သေဆုံး

ဟင်္သာတ၊ သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရွာသစ် ရပ်ကွက်အတွင်း သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ရဲတပ်သား တစ်ဦး ယူနီဖောင်းဝတ်ဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရှိရသည်။

သေဆုံးသူ ရဲတပ်သား တေဇာလင်းသည် ၎င်း၏ နေအိမ် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းတွင် ဝါယာကြိုး ဟောင်း အသုံးပြု၍ ထိုင်လျက် သေဆုံးနေခြင်း ဖြစ်ကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ရဲဝန်ထမ်း လုပ်သက် လေးနှစ်ခန့် ရှိပြီး အရက် ပုံမှန် သောက်တတ်ကာ ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ အရက် ဖြတ်ထားပြီး ယင်းကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရဲတပ်သား သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် ၆ /၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ကြံခင်း ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်


တက္ကသိုလ်အမည်များနှင့် အနိမ့်ဆုံးဝင်ခွင့်ရမှတ်များမှာ..
ဆေးတက္ကသိုလ် ကျား(၄၉၀) ၊ မ( ၅၀၈)၊
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား(၄၆၉) ၊ မ( ၅၀၁) ၊
ဆေးဝါးတက္ကသိုလ် ကျား ၊မ (၄၆၇) ၊
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျား၊မ(၄၅၉)၊ ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ကျား(၅၀၀) ၊မ (၅၀၄) ၊ မန္တလေးနည်းပညာတက္ကသိုလ်(အဆင့်မြင့်) ကျား(၄၈၅) ၊မ( ၄၉၇) ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) ကျား ၊မ (၄၇၃)၊
မန္တလေးကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) ကျား ၊မ (၄၅၀) ၊ နည်းပညာတက္ကသိုလ်ကျား(၃၆၀) ၊ မ (၃၇၀) ၊
ကွန်ပျူတာတက္ကသိုလ်ကျား ၊မ (၃၆၅) ၊
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ကျား(၄၆၇)၊မ (၄၇၀)၊
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျား(၄၈၇) ၊မ (၄၉၇)၊
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် ကျား ၊မ (၄၅၀) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျား၊မ (၃၈၃) ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်) ကျား ၊ မ (၄၉၂) ၊ ရန်ကုန်ရှိနိုင်ငံခြားဘာသာတက္ကသိုလ်များဖြစ်ကြသော
(ဂျပန်) ကျား၊မ (၄၆၉) ၊
(တရုတ်) ကျား ၊ မ (၄၆၆) ၊
(ပြင်သစ်) ကျား ၊ မ (၄၅၈) ၊
(ကိုရီးယား) ကျား ၊ မ (၄၅၅) ၊
(ဂျာမန်) ကျား ၊ မ (၄၅၃)၊
(ထိုင်း) ကျား ၊ မ (၄၄၇)၊
(ရုရှား) ကျား ၊ မ (၄၃၇)၊ တို့ဖြစ်ကြောင်းသိရှိရသည်။

မှတ်သားဖွယ်ရာ စကားလေးများ

သင်စိတ်ညစ်တဲ့အခါမှာ ဘဝက သင့်ကို ရယ်တယ်။ သင် ပျော်ရွှင်တဲ့အခါမှာ ဘဝက သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘဝက သင့်ကို အလေးပြုတယ်။


အောင်မြင်သူတိုင်းဟာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ ဇာတ်သိမ်းတစ်ခု ရှိပါတယ်။


လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။


ဘယ်သူကမှ အတိတ်ကိုပြန်သွားပြီး ဆိုးရွားတဲ့ အစကို ပြင်လို့ မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ် ရဖို့ အခုချက်ချင်း စတင် လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။


အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေစေပါနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ် အခွင့်အရေး တစ်ခုကို ကွယ်ပစ် လိုက်ပါလိမ့်မယ်။


သူများအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့ ။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုယ်ကို ပဲ ပြောင်းလဲ ပြုပြင်လိုက်ပါ ။


အမှားတွေက ဖြစ်ပျက်နေတဲ့ အချိန်မှာတော့ နာကျင် ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့ သင့်ကို အောင်မြင် မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ" ဆိုတာ ဖြစ်လာပါတယ်။

Thet Ko Oo

ပုဂံအွန်လိုင်းမီဒီယာ ဆီမှကူးယူဖော်ပြပါသည်

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင် ရွက်ပေး မည်ဖြစ်ပါသည်။

အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် အခြေခံဥပဒေပြင်ဖို့ အမေရိကန်ထိပ်တန်းအရာရှိ တိုက်တွန်း


လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဌာန်းဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ Ben Rhodes က ဒီနေ့ ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေးရာ အကြံပေး ဒုတိယ အကြီး အကဲဖြစ်သူ မစ္စတာ Ben Rhodes ဟာ ဒီနေ့ အမေရိကန် သံအမတ် အိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာပါ။

အဲဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ ရွေးချယ် တင်မြှောက်လိုသူတွေကို ရွေးချယ်ပိုင်ခွင့်ရှိပြီး လူသားတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လူ့အခွင့်အရေးကိုလည်း အမြဲတမ်း အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို လတ်တလော ခြိမ်းခြောက်နေတာကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက မြို့တချို့မှာဖြစ်ခဲ့တဲ့ဘာသာရေး ဆန်ဆန် ပဋိပက္ခတွေပဲဖြစ်တယ်လို့ သတိပေးလိုက်သလို အဲဒီလို ပဋိပက္ခတွေဖြစ်အောင် လူတချို့က နောက်ကွယ်ကနေ လှုံ့ဆော်နေတာတွေရှိနေတယ်လို့ လည်း ပြောပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရဟာ အဲဒီလို ပဋိပက္ခတွေမဖြစ်အောင် အလေးအနက်ထား ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အမုန်းတရားတွေပွားစေတဲ့ ပြောဆိုရေးသားမှုတွေမှာ လွဲမှားစွာ အသုံးချခဲ့ကြကြောင်း၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ၊ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေ အတူ ယှဉ်တွဲနေထိုင်နိုင်ရေးစတဲ့ လုပ်ငန်းစဉ်တွေမှာ အမေရိကန် အစိုးရအနေနဲ့ ကူညီသွားမှာဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားရဲ့ အကြံပေးအရာရှိက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

မတူကွဲပြားတဲ့အမြင်တွေ သဘောထားတွေကို ငြိမ်းချမ်းစွာ စကားပြောဖြေရှင်းတဲ့ နည်းလမ်းတွေကို လေ့ကျင့်ယူကြဖို့ လိုအပ်ကြောင်းကိုလည်း အလေးအနက်ထား ပြောသွားခဲ့ပါတယ်။

သမ္မတ အိုဘားမားရဲ့အကြံပေး မစ္စတာ Ben Rhodes ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA

ချစ်သူ.................

သူများချစ်သူတွေလို စကားလုံး
လှလှလေးတွေမပြောတတ်ပေမဲ့
"နင့်ကိုအရမ်းချစ်တယ်"လို့ပြော
တတ်တာဟာ တစ်ဘဝလုံးစာ
အတွက်ပါ ချစ်သူ...

သူများချစ်သူတွေလိုချစ်သူအလို
တော်ကျပါးစပ်ကလွမ်းတယ်လို့
ခဏခဏမပြောတတ်ပေမဲ့ ငါ
အချိန်တိုင်းလွမ်းနေတတ်တာနင့်
ကိုပါ ချစ်သူ...

သူများချစ်သူတွေလိုနင့်ရဲ့အနား
အတူတူမနေပေးနိုင်သေးပေမဲ့
တစ်နေ့နေ့ကြရင်ပျော်ရွှင်စွာ
လက်တွဲသွားရမယ်ဆိုတဲ့အသိ
တွေနဲ့ခဏလေးခွဲနေရတာပါ
ချစ်သူ...

ဘယ်လိုသောချစ်သူမျိုးမဆို
ကိုယ်ချစ်ရတဲ့သူနဲ့အနေမဝေး
ချင်ကြပါဘူး အကုန်အနေနီးချင်
ကြတဲ့လူတွေကြီးပါ...



"ခေတ်သစ်မြန်မာအဘိဓာန်"

(က)
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။

ကျွေးလိုက်ရ= ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။

ကြီးပေါ=အသက်ကြီးမှပေါသောသူ။

ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။

ကက= (အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကို
ထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟု
မထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်)

ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ-
ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)

ကြူသည်= အီစီကလီပြောသည်။

ကူလီကူမာ = မကောင်းကြံစည်ခြင်း။

ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။တိုင်သည်။ ဒုက်ခရောက်အောင်
လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။

ကျွတ်ကျဲ= ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့်
ကြောက်လန့်သွားခြင်း (မောင်မောင်၏ ဗလကို မြင်ရသောအခါ မမမှာ
ကျွတ်ကျဲသွားလေတော့သည် )

ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို
ကလော်တုတ် ပစ်လိုက်တာပေါ့.. ဟင်း)

ကလိန်ကကျစ် = သူတစ်ပါး ဒုက်ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။
(ဟိုမှာလေ ဟိုချတ်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ
ဟိုကောင်မလေးတော့ ဟိုဒင်းဖြစ်တော့မယ်)


ကျွဲ = သဘော်သား လောကမှ ကပ်ပလီ မလေးများကို ခေါ်သော
နာမည်။ 


 

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး စီအီးအို

၂၀၁၃ ခုနှစ်မှာပဲ Yahoo! ရဲ့  စီအီးအိုအဖြစ် အခန့်အပ် ခံခြင်းခံရတဲ့ Marissa Mayer သည် အသက် ၃၇ နှစ်ကျော်သာရှိသေးသည်။
Yahoo! မတိုင်မီက ၁၉၉၉ ခုနှစ်ကစလို့ Google မှာ စတင် လုပ်ကိုင်ခဲ့ သူ ဖြစ်ပါတယ်။ Google ရဲ့  အယောက် ၂၀ မြောက်ဝမ်းထမ်း၊ ပထမဦးဆုံး အမျိးသမီးအင်ဂျင်နီယာ ဝန်ထမ်းအဖြစ်လည်း အသိအမှတ်ပြု ခံခဲ့ရပါတယ။် Google မှာတုန်းကလည်း လုပ်သက်ရှည်ပြီး အရေးအကြီးဆုံး ခေါင်းဆောင် ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တကယ်လည်း လုပ်ကိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့သြဇာလွမ်းမိုးမှု အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် စာရင်းမှာ အဆင့် ၁၄ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မီလျံနာ တစ်ဦး ဖြစ်ပြီး Yahoo! အပြင် အခြားသော စီးပွားရေးလုပ်ငန်း၊ ပရဟိတ လုပ်ငန်း အဖွဲ့အစည်းများစွာမှာလည်း တာဝန်ယူ ဝင်ရောက် လုပ်ကိုင်လျက် ရှိပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က Zachary Bogue အမည်ရ ရှေ့ နေနဲ့ ရင်းနှီးမြှုပ်နှံသူ နဲ့ အိမ်ထောင်ကျပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ကလေးမွေးလို့ မိခင်တစ်ဦး ဖြစ်လာပါတယ်။ မိခင်ဖြစ်ပေမယ့် အိမ်မှုကိစ္စထပ် စီးပွားရေးလုပ်ငန်းမှာ ပိုမိုအားစိုက်သူ ဖြစ်ပါတယ်။
သူတာဝန်လွဲပြောင်းယူတဲ့ Yahoo! ဟာ ၂၀၁၃ မှာ အလားအလာကောင်း များ မြင်တွေ့နေရတဲ့အတွက် ၂၀၁၃ ခုနှစ် အတွက်လည်း သြဇာ အရှိဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ စာရင်းတွင် ပါဝင်နိုင်တယ် လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

စိုင်းစိုင်းနှင့် Bobby Soxer ကို ကိုကာကိုလာ၏ သံတမန်ခန့်အပ်


စိုင်းစိုင်းနှင့် Bobby Soxer ကို ကိုကာကိုလာ၏ သံတမန်ခန့်အပ်

စိုင်းစိုင်းနှင့် Bobby Soxer ကို ကိုကာကိုလာ၏ သံတမန်ခန့်အပ်

ကိုကာကိုလာ၏ မြန်မာနိုင်ငံ အတွက် အမှတ်တံဆိပ် သံတမန် (Brand Ambassador)  အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer ကို ခန့်အပ်ကြောင်း ကိုကာကိုလာ မြန်မာ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။ ကိုကာကိုလာ မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အကြီးဆုံးဟု ကြေညာ ထားသော ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့နှင့် သြဂုတ်လ ၃ ရက်နေ့တွင် မန္တလေးမြို့တို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
ကိုကာကိုလာ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း၊ စိုင်းစိုင်းခမ်းလှိုင်နှင့် အမျိုးသမီး တေးသံရှင် Bobby Soxer တို့ကလည်း ၎င်းတို့၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားသည်။ ကိုကာကိုလာ ဈေးကွက်မြှင့်တင်ရေး အစီအစဉ်ဖြစ်သော Coca Cola Happiness Journey အစီအစဉ်တွင် မြန်မာနိုင်ငံအတွက် ရည်ရွယ်ရေးစပ်ထားသော ကိုကာကိုလာ တေးသီချင်းကို စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က သီဆိုဖျော်ဖြေမည်ဟု ကိုကာကိုလာ မြန်မာကုမ္ပဏီမှ ဈေးကွက်ဒါရိုက်တာ Mr.Rommel Fuentebella က ပြောကြားသည်။
ကိုကာကိုလာ ကုမ္ပဏီသည် Max အချိုရည် ထုတ်လုပ်သော ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ ကိုကာကိုလာ အချိုရည်များ ယခုနှစ်ဆန်းမှ စတင်ထုတ်လုပ်နေပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာထားသည်။ အမေရိကန်တေးသံရှင် တေလာဆွစ်ဖ်၊ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင် Salman Khan စသည့် ပုဂ္ဂိုလ်များကိုလည်း ကိုကာကိုလာ၏ သက်ဆိုင်ရာ နိုင်ငံများတွင် Brand Ambassador များအဖြစ် ခန့်အပ်ထားသည်။

နော်နီ သို့မဟုတ် ဆေးဖက်ဝင် ရဲယိုပင်

နော်နီ သို့မဟုတ် ဆေးဖက်ဝင် ရဲယိုပင်

နော်နီ သို့မဟုတ် ဆေးဖက်ဝင် ရဲယိုပင်

‘ရဲယို’ ဟာ အပွင့်၊ အသီး၊ အရွက်၊ အကိုင်း အခက်၊ ပင်စည်၊ အခေါက်၊ အမြစ် မကျန် တပင်လုံး ဆေးဖက်ဝင်၊ အသုံးတည့်တဲ့ အပင်။ နောက်ပြီး သဘာဝ မိခင်ကလူသား၊ တိရစ္ဆာန်၊ သတ္တ၀ါတွေ အတွက်ကြင်နာစွာ ပေးအပ်တဲ့ ဆေးပင်ဖြစ်ပါတယ်။ စားသုံးသီးပင် ဆိုရင်လည်း မမှားပါဘူး။ အရင် တုန်းကမိရိုးဖလာ၊ ရိုးရာဆေးမြီးတို၊ ဘယဆေး၊ တိုင်းရင်းဆေး၊ ဒေသသုံး၊ စားသုံးသီးပင် သဘာဝ ကနေခုအခါမှာ ထင်ပေါ် ကျော်ကြား၊ လူသိများ၊ အသုံးဝင်၊ ဆေးသုတေသန လုပ်ငန်းခွင်မှာလည်း တွင်တွင်ကျယ်ကျယ်ခေတ်မီဆေး သုတေသနတွေ ပြုလုပ်နေတာမို့ ကျန်းမာရေးအရ၊ သိသင့် သိအပ် တဲ့ဆေးဖက်ဝင် ဘယဆေးပင်ဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာတ၀ှမ်းလုံးမှာ အဓိက ပြဿနာကြီးတွေ ဖြစ်ပြီး လူသားတွေရဲ့ အသက်ဇီဝိန်ကို နေ့စဉ် နှုတ်ချွေနေတဲ့ HIV/AIDS (ကိုယ်ခံစွမ်းအား ကျဆင်းရောဂါ)။ ကင်ဆာရောဂါ။သွေးတိုး-နှလုံးရောဂါ ဆိုတဲ့ရောဂါတွေမှာ ရဲယိုပင်၊ ရဲယိုသီးရဲ့ အစွမ်းထက်မြက်၊ အသုံးဝင်မှုတွေကြောင့်လည်း တနေ့တခြား ပိုမိုစိတ်ဝင်စား လာကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် ရဲယိုသီးမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ “CD4 Count” ခေါ်တဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား၊ အနိမ့်အမြင့်ကို ပြတဲ့ ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ် “CD4Count” မြင့်တက်စေတာကိုခေတ်မီ ဆေးသိပ္ပံ သုတေသနတွေက ဖော်ပြ နေကြပါတယ်။
HIV/AIDS လူနာတွေမှာဆိုရင် ရောဂါအဆင့်မြင့် လာတာနဲ့အမျှ သူတို့ရဲ့ “CD4 Count” ဟာ တဖြည်းဖြည်း ကျဆင်းလာတတ်ပါတယ်။ “CD4 Count” မြင့်တက် လာတာနဲ့ အတူရောဂါဝေဒနာ သက်သာ၊ တိုးတက် လာနိုင်ပါတယ်။အလားတူပဲ ကင်ဆာရောဂါလို့ ခေါ်တဲ့ ခန္ဓာကိုယ် ကလပ်စည်း တွေ၊ ဆဲလ်တွေ၊ ထိန်းမနိုင် သိမ်းမရ၊အဆမတန် ပုံမှန်မဟုတ် တိုးပွားလာတာ (ဒါကြောင့် မြန်မာ တိုင်းရင်းဆေး ဆရာတွေက ‘မြစ်ပွားနာ’လို့ ‘ကင်ဆာ’ ရောဂါကို ခေါ်လေ့ ရှိကြပါတယ်။ အဓိပ္ပါယ် ကတော့ သစ်ပင်မှာ အမြစ်တွေ ပွားများလာသလို၊ ဆဲလ်တွေ ပွားများလာတာမျိုး ဖြစ်လို့ပါ) ကိုထိန်း ချုပ် ဟန့်တားနိုင်တဲ့ အင်န်သရာကွီနုန်း(Anthraquinone) တမျိုးဖြစ်တဲ့ ‘ဒင်မနာကင်န်သားလ် (Dam nacanthal) ခေါ် ဓာတ်ပစ္စည်းတွေရဲယိုသီးမှာ ပါဝင်တာကို ၁၉၉၃-ခုနှစ်မှာ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့ရဲ့ ‘အီအို’တက္ကသိုလ်က ဖော်ထုတ် ကြေညာ ခဲ့ပါတယ်။
ဒါ့အပြင် ရဲယိုသီးမှာပါဝင်တဲ့ ‘စကော်ပိုလက်တင်နဲ့ တခြားသော ဓာတုပစ္စည်းတွေဟာ သွေးတိုးကို ကျ ဆင်းစေတာ၊ ယောင်ရမ်းမှုကို ကျဆင်း လျော့ပါးစေတာ၊ ရောဂါပိုးမွှားတွေကို သေစေတဲ့ သတ္တိ။ မှို ရောဂါတွေကိုနိုင်တဲ့သတ္တိ အဖုအကြိတ်တွေကို လျော့နည်း၊ သေးငယ်၊ ပျောက်ကွယ်စေတဲ့ အာနိသင် တွေ ရှိတာကိုလေ့လာ စမ်းသပ်မှုတွေမှာ တွေ့ရှိရပါတယ်။
ရဲယိုသီး ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်း တွေကတော့ အင်သရာကွီနုန်း အမျိုး မျိုး ရောနှောပါဝင်မှု၊ အော်ဂဲနစ်အက်ဆစ်အမျိုးမျိုးနဲ့ ဗီတာမင်အမျိုးမျိုး ပါဝင်တာတွေ့ရပါတယ်။ ဒါ့အ ပြင် ကလူးကို့စ် ကွန်ပေါင်း၊ အက်စပရူလိုစီဒစ်-အက်ဆစ်၊ သတ္တုဓာတ်အဖြစ် ပိုတက်စီယမ်၊ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆဲလီနီယမ် စတာတွေ ဖြစ်ကြပြီးအာဟာရဓာတ် အခြေခံဖြစ်တဲ့ ကာဘိုဟိုက်ဒြိတ်၊ ကစီ၊ သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ် ပရိုတင်းတွေပါဝင် ပါတယ်။
သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ ဂလူးဂို့စ်၊ ဖရပ်(ဂ်)တို့စ်၊ နို့သကြား ကယ်လက်တို့စ်၊ ကလူးကို ဆိုက်တွေ ပါဝင်ပြီး ရဲယိုသီး ရဲယိုရွက်တွေ ပါဝင်တဲ့ ကလူးကို ဆိုက်တွေဟာ‘အိုမင်းရင့်ယော်ခြင်း’ ကို ကာကွယ် တဲ့ သတ္တိရှိတဲ့အင်တီ အောက်ဆီဒင့် များအဖြစ် ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။မိမိတို့မှာ စွဲကပ် ခံစားနေရတဲ့ ကင်ဆာရောဂါ၊ HIV/AIDS ခန္ဓာကိုယ် ခုခံစွမ်းအား ကျဆင်းမှုရောဂါစတဲ့ ပြင်းထန်ပြီး ထိရောက်တဲ့ ဆေးမရှိသေးတဲ့ ရောဂါတွေကြောင့် မျှော်လင့်ချက် ရောင်ခြည်ကင်းမဲ့ နည်းပါးသလို ဖြစ်နေသူတွေ အတွက် ‘ရဲယို’ ဟာ ‘ရဲဆေး’၊ ‘အားဆေး’ ပမာ အားတက်စရာဆေးတလက်ပမာ ဖြစ်လာ ခဲ့ပါတယ်။
သဘာဝ ဆေးဖက်ဝင် ပစ္စည်းအဖြစ် သဘာဝ အခြေခံဆေး (Herbal Medicine) ဖြစ်တာကြောင့် လည်း လူအများစုဟာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးအာနိသင်များတဲ့ အနောက် တိုင်းဆေးမျိုး လို ဆေးများထက်ပိုမိုစိတ်ဝင်စား အားကိုးလိုစိတ်နဲ့ အတူ တိရိစ္ဆာန် ဓာတ်ခွဲစမ်းသပ်မှု မှသည် လူသား လူနာဖြင့်လက်တွေ့ စမ်းသပ်မှုများအထိ ကြာရှည်စွာ စောင့်မနေနိုင်တော့ဘဲ ရောဂါ ဝေဒနာရှင် တွေဟာ ရဲယိုသီး၊ရဲယိုပင်ထွက်ပစ္စည်း၊ နော်နီဖျော်ရည်၊ ဆေးတောင့်၊ ဆေးမှုန့်တွေကို လက်တွေ့ သုံး စွဲကြည့်ကြပါတယ်။ (တိရိစ္ဆာန် ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာ ရဲယိုရဲ့ အစွမ်းထက်မြက်မှုများစွာ ရှိတာ ကိုတွေ့ရှိခဲ့တာ ကြာခဲ့ပါပြီ။)
အဲဒီလို စမ်းသပ် သုံးစွဲကြသူတွေထဲမှာ ဝေဒနာရှင် လူနာများသာမက အရှေ့တိုင်း တိုင်းရင်းဆေး၊ ဘယဆေး၊ သဘာဝဖြစ် ဆေးပညာကို စိတ်ဝင်စားကြသူ၊ အနောက်တိုင်း ဆေးပညာရှင် ဆရာဝန် တချို့လည်း ပါဝင်ပါတယ်။
သုတေသီ ပညာရှင်ကြီးတွေရဲ့စမ်းသပ် သုတေသနတွေက သိရှိလာရတာ ကတော့ ရဲယိုပင်ရဲ့ အစိတ် အပိုင်းအားလုံး အာနိသင် အမျိုးမျိုးရှိတာ၊ အကျိုးရှိစေတာ ဖြစ်ပါတယ်။
‘အရွက်’ ကို ဟာဝိုင်အီကျွန်းရှိ တိုင်းရင်းဆေးဆရာတွေက ထိခိုက် ဒဏ်ရာတွေမှာ အနာပေါ်အုံတဲ့ ဆေးပတ်တီးအဖြစ် သုံးတာ၊ အရွက်ကို ထောင်းထုပြီး အနာအုံဆေး၊ထည့်ဆေးအဖြစ် ပိုလီနီးရှန်း လူမျိုးတွေက သုံးကြတာရှိပေမယ့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာကျတော့ ရိုးရာဆေးမီးတိုအဖြစ် အရွက်(သို့) ရဲယိုပင်ရဲ့ အခြား အစိတ်အပိုင်း တွေကို ရောမွှေ ကြိတ်ဝါးစားခြင်းနဲ့ ဆီးချိုရောဂါ မှာသုံးတတ်ကြပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ကျနော့်မိဘတွေက ရှမ်းရိုးရာ ဆေးမီးတို အဖြစ်ချောင်းဆိုးတဲ့အခါ ရဲယိုရွက်ကို အရည်ညှစ်တိုက်တာ၊ ရဲယိုသီး အမှည့်ကို ဆားနဲ့ ဒါမှမဟုတ် ထညက် (ထန်းညက်) နဲ့ ရောစားနိုင်လို့ စားခဲ့ရဖူး၊ ရောဂါသက်သာရာ ရခဲ့ဖူးပါတယ်။
ဟာဝိုင်အီကျွန်းမှာ ရဲယိုရွက် သုံးပုံနောက်တနည်းက ရဲယိုရွက်နဲ့ ဆီရောပြီး အဆစ်အမြစ် ယောင်ရမ်း တာ၊ လေးဘက်နာကြောင့် ယောင်ရမ်းတာမျိုး) ‘ဂေါက်’ အဆစ်အမြစ်ယောင်ရောဂါတွေမှာ၊ ခြေလက် ထုံကျင် နာတွေမှာ၊ ပွေးအရေပြားရောဂါတွေမှာ သုံးတာတွေ ဖြစ်ပါတယ်။
ရဲယိုရွက်ကို တိုင်းရင်းဆေးအဖြစ် တခြားအသုံးပြုနိုင်၊ အသုံးဝင်ပုံတွေကတော့ ချောင်းဆိုးရောဂါ၊ အော့အန်ဗိုက်ထိုးနာ (မလေးရှား နိုင်ငံတွင်သုံး)။ချောင်းဆိုး သွေးပါ၊ တီဘီအဆုတ်ရောဂါ၊ အစာအိမ် နာ၊ ခံတွင်းပျက်ခြင်း၊၀မ်းဗိုက် ယောင်ရမ်းခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်း၊ အူကျွံခြင်း၊ ဗီတာမင်အေ ချို့ တဲ့ခြင်း၊ သွေးတိုးခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အတွင်းကြေဒဏ်ရာရခြင်း၊ ဝေဒနာရောဂါ စုံစုံ လင်လင်ပါဝင်တာတွေ့ရပါတယ်။
‘ရဲယိုပွင့်’ ကိုတော့ မျက်စေ့ရောဂါ (မျက်စေ့စွန်ခြင်း)၊ အရေပြားအနာ၊ ပြည်တည်နာ၊ ၀မ်းပျော့ပျော့ သွားစေတဲ့ အာနိသင်ကြောင့် ၀မ်းပျော့ပျော့ သွားဆေးအဖြစ်သုံးနိုင်ပါတယ်။
‘အခေါက်’ ရဲ့ အသုံးဝင်ပုံက အသားဝါ၊ အသည်းယောင်ရောဂါ၊ သွေးတိုးရောဂါတွေမှာ သုံးနိုင်တာ ဖြစ်ပါတယ်။ ‘ရဲယိုပင်အမြစ်’ မှာ အနာအကျင် သက်သာစေတဲ့သတ္တိ၊စိတ်ကို ငြိမ်းချမ်းစေတဲ့ အာနိသင် တွေရှိတာအပြင် ခုနောက်ဆုံး စိတ်ဝင်တစား ဆေးသုတေသန အာရုံစိုက် လုပ်နေကြတာကတော့ ဓာတ်ခွဲခန်းတိရစ္ဆာန် စမ်းသပ်မှုတွေမှာ ရဲယိုပင် အမြစ်မှာ ပါဝင်တဲ့ ‘ဒင်မနာ ကင်န်သော’ ဆိုတဲ့ ဓာတ် ပစ္စည်းဟာကင်ဆာရောဂါဆဲလ်များ ပွားများခြင်းကို ဟန့်တားစေနိုင်တယ် ဆိုတာပါပဲ။
ဆေးသုတေသန လုပ်ငန်းအတော်များများမှာ တူညီတဲ့တွေ့ရှိချက်ကို တွေ့ရပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ ရဲယိုပင်ရဲ့ အစိတ်အပိုင်း အသီးသီးတွေ အနက်မှာ ‘ရဲယိုသီး’ မှာအာနိသင်ဓာတ် အများ ဆုံးပါဝင်ပြီး၊ ဒုတိယအဖြစ်‘ရဲယိုရွက်’ မှာ ပါဝင်ပါတယ်။ ရဲယိုသီးမှာလည်း အသီးမှည့် ပျော့်ပြဲပြဲဟာ အနံ့ အင်မတန်ဆိုးတဲ့အားနည်းချက် ရှိသလို ရဲယိုသီးမှည့်က ပြုလုပ်တဲ့ ဖျော်ရည်ဟာ အလွယ်တကူ ကဇော်ပေါက် ပျက်ဆီးလွယ်ပါတယ်။ ပြုလုပ်၊ သယ်ယူ၊ ပို့ဆောင်၊ အသုံးပြုရာမှာလည်း များစွာ အခက်အခဲ ရှိပါတယ်။
ကမ္ဘာမှာ ‘ရဲယို’ ထွက်ပစ္စည်း ဆေးသုတေသန လုပ်ငန်းတွေမှာ တွေ့ရှိချက်ကတော့ အစိမ်းနုရောင်၊ လုံးဝ မမှည့်သေးတဲ့ ရဲယိုသီး အစိမ်းဟာ အစွမ်းထက်မြက်တဲ့ဓာတ်ပစ္စည်းများ ပါဝင်မှုမှာ ပိုမိုတယ် လို့ဆိုပါတယ်။ ရဲယိုပင်၊ ရဲယိုသီးထွက် ပစ္စည်းတွေရဲ့ အသုံးဝင်ပုံတွေက အများကြီးပါ။ ခေါင်းဖျားက ခြေဖျားအထိ၊ ခန္ဓာကိုယ်အပြင်ဘက် အရေပြားဆိုင်ရာ ရောဂါတွေကနေ အရိုး၊ အဆစ်၊ ဦးနှောက် နဲ့အာရုံကြော အဖွဲ့ဆိုင်ရာ ရောဂါများ၊ အသည်း၊ သည်းခြေ၊ အစာအိမ်လမ်းကြောင်း ဆိုင်ရာ ရောဂါ များ၊ကူးစက် ရောဂါများနဲ့ နောက်ဆုံး ကင်ဆာရောဂါ (အထူးသဖြင့် ရင်သားကင်ဆာ)၊ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်(စ်)ရောဂါတွေအထိ ပါဝင်ပါတယ်။ ရဲယိုနဲ့ပတ်သက်တဲ့ အစွမ်းထက်မြက်မှုတွေက အံ့မ ခန်း အသုံးဝင်ပေမယ့်၊ဆင်ခြင် သတိပြုစရာတွေလည်း ရှိပါတယ်။
‘ရဲယို’ မှာ ပိုတက်စီယမ် (ပြာဓာတ်) ဓာတ်တွေ တော်တော်များများ ပါဝင်တာကြောင့် ကျောက်ကပ် လုပ်ငန်း အားနည်းသူတွေဟာ ကျွမ်းကျင်သူ ဆေးပညာရှင်တွေ နဲ့ညှိနှိုင်း တိုင်ပင်ခြင်း မရှိဘဲ ကိုယ့် သဘောနဲ့ ကိုယ် ထင်တိုင်း မသုံးစွဲ သင့်ပါဘူး။ နောက်တခုက ယနေ့အချိန်ထိ ရဲယိုနဲ့ ပတ်သက်တဲ့ အသုံးဝင် ထက်မြက်မှုတွေကို စမ်းသပ်သုတေသန ပြုနေတာဟာ ဓာတ်ခွဲခန်း၊ တိရစ္ဆာန် စမ်းသပ်မှု တွေမှာသာ အခြေခံတာ၊ လူသားအပေါ် စမ်းသပ်သုတေသန ပြုမှုဟာ အစပျိုးစ အခြေအနေ ဆိုတာ ပါပဲ။
ရဲယိုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့၊ အသုံးဝင် အသုံးပြုဆဲ ဖြစ်ပေမယ့် ခေတ်မီ ဆေးသိပ္ပံနည်းနဲ့ စမ်းသပ် အတည်ပြုပြီး ပိုမို အစွမ်းထက်မြက်တဲ့ ဆေးဝါးတွေဖော်ထုတ်ဖို့၊ မလိုလားအပ်တဲ့ဆိုးကျိုး အာနိသင်တွေ သုတေသနပြုရင်း ရှာဖွေဖို့ လိုအပ်ပါတယ်။
ရဲယို(နော်နီ)ရဲ့ လက်ရှိ အခြေအနေအထိ တွေ့ရှိချက်၊ အစွမ်း ထက်မြက်မှုတွေကို မျှဝေသိရှိစေ လိုက်ပါတယ်။ ဆထက်ထမ်းပိုး တိုး၍ လေ့လာ သုတေသနပြု အသုံးချ နိုင်ကြပါစေ။